Local News

မန္တလေးကုန်စည်ဒိုင်တွင် ပြည်ပတင်ပို့မှုမရှိသောကြောင့်ပဲမာဈေးနှုန်းများကျဆင်းလာ

Last Updated:

အောက်တိုဘာလပထမပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့ပဲအသစ်များဝင်ရောက်မှုမရှိပဲလက်ကျန်လှောင်လက်ပဲများသာအရောင်းအဝယ်ဖြစ်နေပြီးပြည်ပတင်ပို့မှုမရှိသောကြောင့်ဈေးအေး အရောင်းအဝယ်အေးနေကြောင်းသိရသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ်၁၃၀၀၀၀မှ ၁၄၅၀၀၀၊ ယခင်တစ်ပတ်ကျပ်၁၃၀၀၀၀မှ ၁၆၀၀၀၀၊ ယခင်လကျပ်၁၃၀၀၀၀မှ ၁၇၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀၊ ယခင်လထက်ကျပ် ၂၅၀၀၀ နိမ့်ကျလာသည်။

မတ်ပဲ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ်၁၇၅၀၀၀မှ၁၇၃၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၉၅၀၀၀ မှ ၁၉၃၀၀၀၊ ယခင်လကျပ်၂၁၀၀၀၀မှ ၁၉၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၀၊ ယခင်လထက်ကျပ် ၃၅၀၀၀ မှ ၂၂၀၀၀ နိမ့်ကျလာသည်။

ပဲစဉ်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ်၁၉၂၀၀၀မှ၁၉၁၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၂၀၃၀၀၀၊ ယခင်လကျပ်၂၀၅၀၀၀မှ ၂၀၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၁၂၀၀၀မှ ၁၁၀၀၀၊ ယခင်လထက် ကျပ်၉၀၀၀မှ ၁၃၀၀၀နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News